ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အစုံတွင် YGN PDF နှင့်ပေါင်း၍ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း နှင့် ပြည်သူများ ဘေးကင်းရန် သွားလာဆင်ခြင်ကြရန်လည်း Gods Of Death က အသိပေး ထုတ်ပြန်သည်။
နောက်နောင်မှာလဲ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ပြီး အလံမလိတ် တပ်မခေါက်ဘဲ အဆုံးထိလျှောက်လှမ်းသွားပါမယ်။ ပြည်သူများဘက်မှလဲ နိုင်ရာတာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းအပ်ပါတယ်။
ဟု ထုတ်ပြန်ထားသည်။
မတ်လ(၂၇)ရက်နေ့ ညနေ(၆)နာရီ၀န်းကျင်က မဟာမိတ်အဖွဲ့များဖြစ်သည့် G.O.D၊ YGN PDF အဖွဲ့ *(၂)ဖွဲ့တို့မှ ဘုရင့်နောင် (၅၃၂)တပ်ရင်းအနီး၌ အဝေးထိန်းမိုင်းတစ်လုံး၊ (၆)နာရီခွဲဝန်း ကျင်တွင်တစ်လုံး ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်သည်။
ယင်း ဖောက်ခွဲမှုအား ရန်ကုန်မြို့အား အာဏာသိမ်းစစ်ကောင်စီက ယခုအချိန်ထိ ထိန်းချုပ်၍ မရနိုင်ကြောင်း၊ သွေးမအေးကြောင်း ပြသခြင်းဖြစ်ကြောင်း သိရသည်။
ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း လမ်းသွားလမ်းလာ ပြည်သူ(၃)ဦး ထိခိုက်မှုရှိခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ရိုကျိုးစွာဖြင့် အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများ တစ်ရှိန်ထိုးသွားတော့မည်ဖြစ်သဖြင့် ပြည်သူများအထိခိုက်ကင်းစေရန် တားမြစ်နေရာများအား ရှောင်ကျဥ်ခြင်းဖြင့်ကူညီပေးကြရန် တော်လှန်ရေးအဖွဲ့များ တောင်းဆိုထားသည်။