ပခုက္ကူ - ရေစကြို လမ်းပိုင်တွင် စစ်ကောင်စီတပ်ကား(၁)စီးကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

ပခုက္ကူ - ရေစကြို လမ်းပိုင်တွင် စစ်ကောင်စီတပ်ကား(၁)စီးကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြို လမ်းပိုင်းတွင် ပခုက္ကူမြို့သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးကို ယနေ့မတ်လ  (၂ဝ)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်က ပဒေသာမိုင်း(၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF က သတင်းထုတ်ပြန်လာသည်။

၎င်းယာဉ်ကို ပခုက္ကူ လေယာဉ်ကွင်းအနီးတွင် Southern YSO PDF နှင့် PAKOKKU NORTH PDF တပ်ဖွဲ့တို့က  ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦးသေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မတ်လ(၁၇)ရက်နေ့ကလည်း အမှတ် (၃)ရပ်ကွက်၊ (ဂ)ကွင်း (၅)လမ်းရှိ စစ်အုပ်စုပိုင် စီးပွားရေးထေဒေါက်တိုင်ဖြစ်သည့် mytel ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သေးသည်။

ဒါ့အပြင် ပြည်သူများအနေဖြင့် အိမ်စီးကားများကို မှန်ချမောင်းနှင် ကြရန်နှင့် စစ်ကောင်စီတပ်ရှိသည့်နေရာများတွင် အနီးကပ်မနေကြဘဲ ရှောင်ကြဉ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။