ပြင်သစ် - မြန်မာ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် အစီအစဉ်ဖြင့် ရေးဆွဲထားသော နံရံဆေးရေးပန်းချီကို ဖျက်ပစ်သည့် အာဏာသိမ်းအဖွဲ့ကို ပြင်သစ်သံရုံး အံ့ဩ

ပြင်သစ် - မြန်မာ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် အစီအစဉ်ဖြင့် ရေးဆွဲထားသော နံရံဆေးရေးပန်းချီကို ဖျက်ပစ်သည့် အာဏာသိမ်းအဖွဲ့ကို ပြင်သစ်သံရုံး အံ့ဩ

၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့်   " ပြင်သစ် - မြန်မာ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်"အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ရေးဆွဲခဲ့သည့်  ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတွင်ရှိသော နံရံဆေးရေးပန်းချီများကို ၂၀၂၂ ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် အာဏာသိမ်းအဖွဲ့က တမင်တကာ ဖျက်ဆီးလိုက်ခြင်းအပေါ် အံ့ဩရသည်ဟု ပြင်သစ်သံရုံးက မတ်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းက သတင်းထုတ်ပြန်လာသည်။

"မြို့သူမြို့သားများနှင့် အနုပညာပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကြောင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရနှင့် ရန်ကုန်မြို့ တော်အာဏာပိုင်များက ခွင့်ပြုပေးထားသော ပြင်သစ်သံရုံးမှပံ့ပိုးပေးထားသည့်  ရန်ကုန်မြို့ရှိ အနုပညာလက်ရာ တစ်ခု ပျောက်ဆုံးသွားခြင်းအတွက် ပြင်သစ်သံရုံးက ရှုတ်ချပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အနုပညာ ထုတ်ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် နိုင်ငံ၏ အနုပညာနှင့် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပါရန် ပြင်သစ်သံရုံးက တောင်းဆိုလိုက်သည်။"ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ရန်ကုန်မြို့ရှိ နံရံဆေးရေးပန်းချီများကို အာဏာသိမ်းအဖွဲ့က လိုက်လံဖျက်ဆီးခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။