KNU တပ်မဟာ ၅ နယ်မြေတွင် လဝက်တာကာလအတွင်း တိုက်ပွဲများ၌ အာဏာသိမ်းတပ်မှ ၅၀ ကျော်သေဆုံး

KNU တပ်မဟာ ၅ နယ်မြေတွင် လဝက်တာကာလအတွင်း တိုက်ပွဲများ၌ အာဏာသိမ်းတပ်မှ ၅၀ ကျော်သေဆုံး
By Tachileik News Agency

ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်အတွင်း ၂၀၂၂ ခုနှစ် မတ်လ (၁) ရက်နေ့မှစသည့် (၁၅) ရက်တာအတွင်း KNU/KNLA တပ်မဟာ(၅) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများအတွင်း အာဏာသိမ်းတပ်မှ (၅၄) ဦးသေကာ (၄၀) ကျော် ဒဏ်ရာရကြောင်း KNU က ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မူတြော်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အပါအဝင် ပူးပေါင်း BGF တပ်များနှင့် KNLA တပ်မဟာ(၅)တို့ကြား တိုက်ပွဲ‌ပေါင်း(၁၆၇)ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KNLA ဘက်မှ (၇)ဦးကျဆုံးကာ (၁၆) ဦးဒဏ်ရာရရှိသည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ သယ်ယူပို့ဆောင်ရေးယာဉ်(၁၂)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများလုပ်ရာတွင် အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် အာဏာသိမ်းစစ်ကောင်စီတပ်က အဆိုပါကာလအတွင်း အရပ်သားနေရာများကိုပါ လေကြောင်းမှ ဗုံး (၁၇)လုံးကြဲချတိုက်ခိုက်မှုအပြင် လက်နက်ကြီးကျည် (၁၈၉)လုံးကို ပစ်ခတ်တိုက်ခိုက်၍ အရပ်သား (၁၅)ဦးသေဆုံးကာ (၄)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။