ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ(၇)ခုတွင် ကိုယ်စားလှယ်လောင်း (၄၃)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
တိုင်းရင်းသားလူမျိုးရေးရာ နေရာများဖြစ်သည့် ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၈)ဦး၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၅)ဦး၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၇)ဦး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၆)ဦး၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၆)ဦး၊ အာခါတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၄)ဦး နှင့် အင်းတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၇)ဦး စုစုပေါင်း (၄၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း (၄၃)ဦးတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၆)ဦး ပါဝင်သည်။