ဝက်လက်မြို့နယ်အတွင်း တောင်ကုန်းရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၆)ဦး သေ

ဝက်လက်မြို့နယ်အတွင်း တောင်ကုန်းရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၆)ဦး သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှ  တောင်ကုန်းရွာဘက်သို့ မတ်လ (၁၁)ရက်နေ့က စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား(၃၀)ဝန်းကျင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကြောင်း ဝက်လက် PDF က  မတ်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဝက်လက် PDF တပ်ရင်း (၂)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ‌ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့၊ တောကြီးမြွေပွေး၊ Mandalay PDF(ပြည်ချစ်သား)တပ်ဖွဲ့၊ Mandalay Prolife တပ်ဖွဲ့ နှင့် ဒေသခံ ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများသည် ည(၁၀)အထိ ပိတ်မိနေခဲ့ပြီး စစ်ကောင်စီတပ်သားများဘက်က (၆)ဦးသေကာ အများအပြားဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ယင်းနောက်  ညပိုင်းမှာပင် ဝက်လက်မြို့ဘက်မှ တောင်ကုန်းရွာဘက်ကို စစ်ကူလာသည့် စစ်ကောင်စီကား(၂)စီးနှင့် တင့်ကား (၁)စီးကို မတားစီးနိုင်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများက တောင်ကုန်းရွာတွင် အင်အား (၆၀)ဝန်းကျင်ဖြင့် တပ်စွဲထားကြောင်း သိရသည်။

#TachileikNewsAgency