ဖရူဆိုမြို့ရှိ စစ်ကောင်စီတပ်ကို KNDF က ဝင်တိုက်၊ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံး

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၄၂၈)ခြေမြန်တပ်ရင်းဂိတ်ကို  KNDF B-04 နှင့် KNDF B-08 တို့ပူး ပေါင်းပြီး ဖေဖော်ဝါရီလ(၂၆)ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား (၂)ဦးသေကြောင်း KNDF က ယနေ့ဖေဖော်ဝါ ရီလ(၂၇)ရက်တွင် သတင်းထုတ်ပြန်လာသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ်(၅၀)ဝန်းကျင်ကြာမြင့်ခဲ့ပြီး KNDF ဘက်မှ Sniper (၄)ချက်၊ လက်နက်ကြီးနှင့် စွပ်ဗုံးများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ (၂)ဦး‌သေပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးအမြောက်အများဖြင့် ပြန်လည်ပစ်ခတ်လာသဖြင့် KNDG ရဲဘော်များပြန်လာဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

Video: KNDF B-04