တပ်မ(၆၆)၏ ဆက်သွယ်ရေးဌာနမှ တပ်ကြပ်ကို PDF က သေနတ်နဲ့ ပစ်သတ်

တပ်မ(၆၆)၏ ဆက်သွယ်ရေးဌာနမှ တပ်ကြပ်ကို PDF က သေနတ်နဲ့ ပစ်သတ်
ဖေဖော်ဝါရီ 22, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်မ (၆၆)၊ ‌ဆက်သွယ်ရေးဌာနမှ တပ်ကြပ် ဇော်မိုးဆိုသူအား ပေါင်းတည် PDF က ယနေ့ဖေဖော်ဝါရီလ(၂၂)ရက်၊ ညနေပိုင်းက ပစ်သတ်လိုက်ကြောင်း ထုတ်ပြန်သည်။

ဝက်ပုတ်မြို့အလွန် သစ်ချိုဘုန်းကြီးကျောင်းအနီးတွင် ပေါင်းတည်မြို့မှ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၆၆)၊ ‌ဆက်သွယ်ရေးဌာနမှ တပ်ကြပ် ဇော်မိုးဆိုသူအား နှစ်ခြောက်လုံး‌အရေးတော်ပုံနေ့အဖြစ် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ခြောက်လုံးသပိတ် အမှတ်တရလက်ဆောင်အဖြစ် ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PPDF မှ နှုတ်ခမ်းနီ နှစ်တောင့်လက်ဆောင်ပေး၍ ငရဲပြည်သို့ ပို့ဆောင်ပေးလိုက်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်

ဟု PPDF က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ(၁၈)ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel တာဝါတိုင်းအား ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF မှ မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။