ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား PDF ပစ်ခတ်ရှင်းလင်း

ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာမှ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းထံမှ သိရသည်။

ဗောဓိကုန်းရွာနေ အုပ်ချုပ်ရေးမှူး မောင်ဝင်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ ညနေ (၃) နာရီခွဲတွင် ဗောဓိကုန်းရွာရှိ ၎င်း၏နေအိမ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဗောဓိကုန်းအုပ်စုအတွင်း စစ်မှုထမ်း အဓမ္မစုဆောင်းခြင်းနှင့် စစ်မှုထမ်းများအတွက်ဟုဆိုကာ ရပ်ရွာအတွင်း ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ဗောဓိကုန်းရွာနေ အုပ်ချုပ်ရေးမှူး မောင်ဝင်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ဆောင်ခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ကျေးရွာအတွင်း ပိုမိုအာဏာပြ ဗိုလ်ကျလာသည့်အတွက် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း PPDF-၃၆၀၁ တပ်ရင်းက ဆိုသည်။

ပြည်ခရိုင်အတွင်း စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူးများကို ပြတ်သားစွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အချိန်မှီနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကြရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency