တနင်္သာရီတိုင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှကျင်းပသည့် အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာလ (၃)ရက်နေ့က ပုလောမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အလံတော်နှင့် ကျဆုံးရဲဘော်များအားအလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးမှ ပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားခြင်း၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံမှပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် ဆုရရဲဘော်များအား ဆုချီးမြှင့်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: People Defense Organization-Tanintharyi Division