ကနီမြို့နယ် ချင်းတွင်းအနောက်ခြမ်း ကျေးရွာများတွင် အာဏာသိမ်းတပ်စစ်ကြောင်းထိုး၍ ဒေသခံများ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေ

ပုံအညွှန်း - {ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြသည့် ပြည်သူများကို အာဠာဝက ပြောက်ကျားတပ်ဖွဲ့က မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။}

ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း အိုင်တောင်အနောက်ရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့ည ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် စစ်ကြောင်းထိုးလာပြီး ကျေးရွာကိုမီးရှိနေသဖြင့် အိုင်တောင်ရွာနှင့် အနီးဝန်းကျင်ရှိ ရွာပေါင်း (၁၀)ရွာနီးပါးမှ ဒေသခံများ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ယမန်နေ့ ညနေပိုင်းက အိုင်တောင် အနောက်ရွာကို မီးရှို့ခဲ့သည့်အပြင် အနီးဝန်းကျင် ကျေးရွာများကို စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာ၍ ကနီမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းဒေသတွင် တိုက်ပွဲများဖြစ်ပွားနိုင်မည့်အခြေအနေရှိနေကြောင်း အာဠာဝက ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။