စစ်ကိုင်းတိုင်း၊ မုံရွာမှ အရာတော်သို့ တင့်ကားများတင်ဆောင်လာသည့် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါ ရီလ(၁၄)ရက်နေ့ ညပိုင်းက မိုင်းဆွဲခံရပြီး ပွိုင့်ကားတစ်စီး ပျက်စီးသွားကြောင်း အရာတော် PDF က ယနေ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
တင့်ကားများ တင်ဆောင်လာသည့် တွဲကား (၄) စီးနှင့် ပွိုင့်ကား (၁) စီးကို PDF များက အထူးပြုလုပ်ဖန်တီးထားသည့် မိုင်းကြီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Ayadaw Bone Naing - PDF (A.B.N.PDF)၊ သပြေညိုပျောက်ကျားတပ်ဖွဲ့နှင့် ပတ္တမြားညီနောင်ပျောက်ကျားတပ်ဖွဲ့တို့က ဦးဆောင်၍ Knights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။