ဖလမ်းမြို့နယ်အတွင်း  ပဒေသာမိုင်း အလုံး(၂၀)ခွဲခံရပြီးနောက် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

CNDF ၏ အထူးကွန်မန်ဒိုသင်တန်းတုန်းကပုံ [ Photo: Chin National Organization ]
CNDF ၏ အထူးကွန်မန်ဒိုသင်တန်းတုန်းကပုံ [ Photo: Chin National Organization ]
ဖလမ်းမြို့နယ်အတွင်း  ပဒေသာမိုင်း အလုံး(၂၀)ခွဲခံရပြီးနောက် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ
ဖေဖော်ဝါရီ 15, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ပ‌ဒေသာမိုင်းအလုံး(၂၀)ခွဲခံရကာ (၃)ဦးသေပြီး အများအပြား ဒဏ်ရာရကြောင်း CNDF က ယနေ့ဖေဖော်ဝါရီလ(၁၅) ရက်နေ့ နံနက်တွင် သတင်းထုတ်ပြန်လာသည်။

ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)အတွက် ဖေဖော်ဝါရီလ(၁၂) ရက်က ရိက္ခာပို့ပြီးအပြန် လမ်းကြောင်းလုံခြုံရေးယူပေးနေသော အကြမ်းစစ်ကောင်စီများ တောလမ်းအတိုင်း သွားရောက်ကြစဥ် CNDF က ပဒေသာမိုင်းအလုံး(၂၀)ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီများသည် လှာန်ဇောလ်ကျေး ရွာသားများ တောင်ယာတွင် ဖွက်ထားခဲ့သည့် မြစိမ်းရောင်ကျေး လက်စီမံကိန်းထံမှ ချေးယူထားထားသော ငွေသားသိန်း(၁၆၀)အားခိုးယူသွားကြကြောင်း သိရသည်။

ဒါ့အပြင် ၎င်းတို့ ဖြတ်သန်းရာ လမ်းကြောတလျှောက်ရွာများအတွင် ဝင်ရောက်ကာ  တန်ဖိုးရှိပစ္စည်းများ၊ တိရိစ္ဆာန်များ ခိုးယူသွားကြကာ ထင်းရှူးစခန်းအနီးရှိ ပြည်သူများမွေးမြူထားသော ငါးကန်ကိုလည်း ဖျက်စီးသွားကြကြောင်း သိရသည်။