သင်္ကြန်အတွက် ပြင်ဆင်နေသည့် မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍာပ်အနီး ဗုံးပေါက်ကွဲ

သင်္ကြန်အတွက် ပြင်ဆင်နေသည့် မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍာပ်အနီး ဗုံးပေါက်ကွဲ

အာဏာသိမ်း စစ်ကောင်စီမှ ပြုလုပ်မည့် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်အတွင်း မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍာပ်အနီး ယနေ့ ဧပြီလ(၈)ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကြောင်း သိရသည်။

ယင်းဖောက်ခွဲမှုကို Dark Shadow (YGN)က လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူများကို မတရားသတ်ဖြတ်ကာ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် စီစဥ်နေသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်‌ကြောင်း သိရသည်။

 ဗုံးကွဲပြီး‌နောက် အာဏာသိမ်းစစ်ကောင်စီတပ်သားများရောက်ရှိလာပြီး ပြည်သူအားဆဲဆိုကာ ခရီးသည်တင်ယာဉ်များအပေါ်ထိ တက်ရောက် စစ်ဆေးခြင်းများရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ လုံခြုံရေး တင်းကြပ်ထားသည့် ကြားမှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပြည်သူများအနေဖြင့် စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ကြရန် တိုက် တွန်းထားသည်။