မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် လျှပ်စစ်ရုံးကို မြို့ပြပြောက်ကြား တပ်ဖွဲ့များက ယနေ့ဇန်နဝါရီလ(၃၀)ရက်၊ ညပိုင်းတွင် ဗုံးဖောက်ခွဲ လိုက်ကြောင်း သိရသည်။
ယင်းဗုံးဖောက်ခွဲမှုကို Bagan Ogre Force နှင့် Myingyan Twenty-One Guerilla Force တို့ ပူးပေါင်းကာ ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလျှပ်စစ်ရုံးသည် မြိုနယ်၊ ကျေးရွာများတွင် အတင်းအဓ္ဓမ ခြိမ်းခြောက်၍ မီတာခကောက်ခံခြင်း၊ မီးဖျက်ခြင်းများပြုလုပ်နေသဖြင့် သတိပေးဗုံးခွဲခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့မနက်ပိုင်းကလည်း ဒလန်မလုပ်ရန် သတိပေးထားသော်လည်း တပ်ထောက်ခံပွဲကို ဦးဆောင်ကျင်းပရန် စီစဉ်နေသည့် ညောင်ဦးမြို့မှ တင်စိုးဆိုသူ သေနတ်ဖြင့်ပ စ်သတ်ခံခဲ့ရသေးကြောင်း သိရသည်။
တင်စိုးသည် ယခင်က ညောင်ဦး အမှတ်(၁)အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ကာ ပျူစောထီးအဖွဲ့၀င်လည်းဖြစ်သည့် အပြင် ဒေသတွင်းပျူစောထီးခေါင်းဆောင်၏ လက်ရုံးတစ်ယောက်လည်းဖြစ်ကြောင်း ယင်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။