မန္တလေး - မိုးကုတ်လမ်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မတ္တရာ ပကဖ က မိုင်းဆွဲ တိုက်ခိုက်

မန္တလေး - မိုးကုတ်လမ်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မတ္တရာ ပကဖ က မိုင်းဆွဲ တိုက်ခိုက်
ဇန်နဝါရီ 25, 2022 | အခြားဒေသများ

မန္တလေးတိုင်းအတွင်း မန္တလေး - မိုးကုတ်လမ်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ ညပိုင်းက မန္တလေးဘက်မှ ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တန်းကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏တပ် ယာဉ်တန်း (၅)စီးအနက်မှ (၁) စီးထိခိုက်သွားပြီး အသေအပျောက်စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်ကို တော်လှန်နေပြီး ဒေသတွင်းအများပြည်သူကို ထိပါးသည့်လုပ်ရပ်များကို ခွင့်မပြုကြောင်းကြေညာထားပြီး အာဏာသိမ်းကာလကို အခွင့်ကောင်းယူ၍ များပြားလာသည့် ဒေသတွင်းမှ လောင်းကစားဝိုင်းများကိုလည်း ဇန်နဝါရီလ (၂၃) ရက်နေ့က သတိပေးစာထုတ်ထားသည်ကို တွေ့ရသည်။