ပြည်ကြီးတံခွန်မြို့နယ် (ဆ) ဈေးအနီး ကင်းတဲ ဗုံးပစ်ခံရ၍ စစ်ကောင်စီ တပ်သား (၂)ဦးသေ

ပြည်ကြီးတံခွန်မြို့နယ် (ဆ) ဈေးအနီး ကင်းတဲ ဗုံးပစ်ခံရ၍ စစ်ကောင်စီ တပ်သား (၂)ဦးသေ
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) စျေးအနီး ကင်းချထားသည့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်သားများကို မန္တလေးမြို့ပျောက်ကြားတပ်ဖွဲ့များပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဗုံးပစ်သွင်းလိုက်ကြောင်း သိရသည်။

ဗုံးပေါက်သံကြားပြီး သေနတ်ပစ်သံကြားရတယ်။ ထုံးစံအတိုင်း ရမ်းပစ်တာပဲ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကို Ranger of Mandalay နှင့် YNO Mandalay PDF အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘန်ကာထဲ တည့်တည့်ကျ၊ လောလောဆယ် မုန့်ဟင်းခါး (၂) ပွဲသေချာပါတယ်။ (၃) ပွဲလည်း ဖြစ်နိုင်ပါတယ်။ ပြန်ပစ်ပေမဲ့ အရှောင်မြန်လို့ တစ်ချက်မှ မထိခဲ့ပါ

ဟု Ranger Of Mandalay အဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။