မီတာခ ဆောင်ရန် စစ်တပ်ခေါ်ပြီး အကြပ်ကိုင်လွန်းသည့် မြောက်ဥက္ကလာ EPC ရုံး ဗုံးခွဲခံရ

မီတာခ ဆောင်ရန် စစ်တပ်ခေါ်ပြီး အကြပ်ကိုင်လွန်းသည့် မြောက်ဥက္ကလာ EPC ရုံး ဗုံးခွဲခံရ
ဇန်နဝါရီ 20, 2022 | အခြားဒေသများ

 ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံး(EPC) ယနေ့ဇန်နဝါရီလ(၂၀)ရက်၊ နေ့လည်ပိုင်းက ဗုံးကွဲကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဥက္ကလာ အဝိုင်းနားက EPC ရုံး ခွဲခံလိုက်ရတာပါ။ ထိခိုက်မှုရှိ မရှိတော့ မသိသေးပါဘူး စစ်သားတွေ၊ ရဲတွေတော့ ရောက်ပြီး စစ်ဆေးတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် သုဓ္ဓမာလမ်းမကို အကြမ်းဖက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးခဲ့ပြီးနောက် လက်ရှိတွင် ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ယင်းလျှပ်စစ်ရုံးသည် မီတာမဆောင်ဘဲ ဆန့်ကျင်ဆန္ဒပြ‌နေသည့် မြောက်ဥက္ကလာရှိ နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီတပ်အား ခေါ်ယူကာ မီတာ‌ခဆောင်ရန် ခြိမ်းခြောက်ခြင်းနှင့် မီးဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။