မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ကို ဖြန့်ဖြူးသူနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း MDY PDF ယနေ့ ဇန်နဝါရီလ(၂၀)ရက်တွင် သတင်းထုတ်ပြန်လာသည်။
ပြည်သူ့လုံခြုံရေးအတွက် လုံခြုံရေး တာဝန်ယူထားသည့် MDY PDF တပ်ဖွဲ့က စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ချက်ချင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
MDY PDF၏ နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၊ မှောင်ခိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများကိုလည်း ဖမ်းဆီးအရေးယူပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များကို ဆောင်ရွက်သွားမည်ဟုလည်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထားရှိသည်။
#TachileikNewsAgency