မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ရာ သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် (၁၂)ဦးသေဆုံးကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် မတ္တရာမြို့နယ် ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ (၁၂)ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိ ခိုက်ဒဏ်ရာရရှိသူများစွာရှိသည်ဟု သိရသည်။
မတ္တရာမြို့နယ် ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့် လုံးဝမသက်ဆိုင်သောလုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: မန္တလေး PDF