ပျူစောထီးအဖွဲ့ဝင် ကျော်မိုး  ဆိုသူကို ဆူးဖြူတောအနီးတွင် ဗိုလ်စနေအဖွဲ့က   ရှင်းလင်း 

 ပျူစောထီးအဖွဲ့ဝင် ကျော်မိုး  ဆိုသူကို ဆူးဖြူတောအနီးတွင် ဗိုလ်စနေအဖွဲ့က   ရှင်းလင်း 
ဇန်နဝါရီ 18, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ကျော်မိုးဆိုသူကို ဗိုလ်စနေအဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ရှင်းလင်းလိုက်ကြောင်း သိရသည်။

ပျူစောထီးအဖွဲ့ဝင် ကျော်မိုးဆိုသူအား မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာ နှင့် လယ်တော်ကျေးရွာကြားရှိ ဆူးဖြူတောအနီးထူးထဲတွင် ဗိုလ်စနေအဖွဲ့က ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရှင်းလင်းခံရသည့် ကျော်မိုးဆိုသူသည် ယခင်က တောင်သူနှင့်ကွမ်းရောင်းဝယ်ရေး လုပ်ကိုင်သူ ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပျူစောထီးအဖွဲ့သို့ ဝင်ကာ ကျေးရွာတွင်း ဒေသခံ ပြည်သူများကို ဒုက္ခပေးနေသည့်အတွက် ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ဗိုလ်စနေအဖွဲ့က ဆိုသည်။

သေဆုံးသူ ကျော်မိုးဆိုသူ၏ အလောင်းအား နေ့လည်ပိုင်း  အချိန်ထိ လာမကောက်သေးကြောင်း သိရသည်။