ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းမှ စစ်လေယာဉ်(၇)စီးသည် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်မှ နံနက်(၁၁)နာရီဝန်းကျင်အထိ စုစုပေါင်း (၇)စီး ထွက်ခွာသွားကြောင်း လေကြောင်းစောင့်ကြည့်သတင်းထုတ်ပြန်ရေးအဖွဲ့ဖြစ်သည့် Enemy Air Route Channel ၏ အသိပေးချက်များအရ သိရသည်။
ယနေ့ နံနက်(၈)နာရီ (၂၉)မိနစ်အချိန်က တိုက်လေယာဉ် (၂)စီး အနောက်တောင်ဘက်သို့ လည်းကောင်း၊ နံနက်(၉)နာရီ (၅၆)မိနစ်အချိန်က Fighter Jet (၁)စီး တောင်ဘက်သို့ လည်းကောင်း ထွက်ခွာ ပျံသန်းသွားသည်။
ဆက်လက်၍ နံနက်(၁၀)နာရီ အချိန်က Fighter Jet (၂)စီး တောင်အရပ်သို့ လည်းကောင်း၊ နံနက်(၁၀)နာရီ (၅၂)မိနစ်အချိန်က Fighter Jet (၂)စီးသည် အရှေ့ဘက်သို့ (၁)စီး အနောက်ဘက်သို့ (၁)စီး တစ်ချိန်တည်း ဦးတည် ထွက်ခွာ ပျံသန်းသွားသည်။
တောင်ငူလေတပ်စခန်းမှ ဇန်နဝါရီလ(၁၇)ရက်နေ့ကလည်း နံနက်(၈)နာရီဝန်းကျင်ကစ၍ နံနက်(၁၁)နာရီဝန်းကျင်အချိန်အထိ စစ်လေယာဉ် စုစုပေါင်း (၁၁)စီး ထွက်ခွာမှုရှိခဲ့ကြောင်းသိရသည်။