မွေးနေ့ပွဲကို live လွှင့်ခဲ့သည့် ဆရာတော် ဇဝန အား အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ (၃)ခုဖြင့် အရေးယူ

မွေးနေ့ပွဲကို live လွှင့်ခဲ့သည့် ဆရာတော် ဇဝန အား အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ (၃)ခုဖြင့် အရေးယူ
ဇန်နဝါရီ 8, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့မှ ပြည်တော်သာကျောင်းတိုက်ဆရာတော် ဇဝနကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားပြီး ပုဒ်မ (၃)ခုဖြင့်အရေးယူမည်ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် သတင်းထုတ်လာသည်ကို တွေ့ရသည်။

အဆိုပါဆရာတော်အား  သာသနာညိုးနွမ်းစေမှု၊ စစ်အာဏာရှင် ဆန့်ကျင်မှုများအား အားပေးထောက်ခံရေးသားမှု၊ ဝန်ထမ်းများ CDM လုပ်ဆောင်ရန် လှုံ့ဆော်မှု၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေမှုတို့ဖြင့် စွပ်စွဲထားပြီး လူပုဂ္ဂိုလ် (၁၂)ဦးကိုပါ ပူးပေါင်းပါဝင်မှုဖြင့် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက အဆိုပါဆရာတော်အား စွပ်စွဲချက်တွင် "သံဃာတော်များ အသုံးပြုရန် သင့်တော်ခြင်းမရှိသော တန်ဖိုးကြီးဖိနပ်၊ လက်ကိုင်အိတ်၊ မျက်မှန်၊ တောင်ဝှေးစသည့် အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်အသုံးပြုခြင်း၊ သံဃာ့ဝိနည်းနှင့်မညီ အလှပုံရိုက်၍ Facebook တင်ခြင်းများ ပြုလုပ်သည်ဟူသည့် စွပ်စွဲချက်အပါအဝင် လောင်းကစားနှင့်ပတ်သက်ခြင်း၊ လိင်တူဆက်ဆံခြင်းစသည့် စွပ်စွဲချက်များကို ဖေါ်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ဆရာတော်သည် စစ်တပ်အသိုင်းအဝိုင်း၊ အစိုးရခေါင်းဆောင်အချို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အနုပညာရှင်များဖြင့် ရိုက်ကူးထားသည့် မှတ်တမ်းပုံအများအပြားရှိနေသည်ကို တွေ့ရပြီး ဇန်နဝါရီ (၁) ရက်နေ့က မွေးနေ့ပွဲကျင်းပသည်ကို live ထုတ်လွှင့်မှုနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။