ခလရ (၆၁)တပ်ကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ခလရ (၆၁)တပ်ကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ဇန်နဝါရီ 8, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၆၁)ခြေလျင်တပ်ကို ရေးပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ(၈)ရက်၊ နေ့လည်(၁၂)နာရီ(၂၈)မိနစ်အချိန်က  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း  ရေး PDF က သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား သေဆုံး၊ ထိခိုက်မှုကို အတည်မပြုနိုင်ခဲ့‌သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ကြခြင်း ဖြစ်၍ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။



နံနက်ပိုင်းကလည်း ရေးမြို့နယ်ရဲစခန်းကို ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ရာ ပေါက်ကွဲမှု မဖြစ်ခဲ့၍ အမှတ်(၆၁)ခြေလျင်တပ်၏ တပ်ရင်းဂိတ်ပေါက်ကို ယခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။