အာဏာသိမ်းစစ်တပ် ဖြတ်သွားမည့် လမ်းပိုင်းတွင် မိုင်းခွဲခံရမည်ကို ကြောက်၍ ဖုန်းလိုင်းများ ဖြတ်တောက်ထား

အာဏာသိမ်းစစ်တပ် ဖြတ်သွားမည့် လမ်းပိုင်းတွင် မိုင်းခွဲခံရမည်ကို ကြောက်၍ ဖုန်းလိုင်းများ ဖြတ်တောက်ထား
ဇန်နဝါရီ 7, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ယင်းမာပင်၊ ဘုတလင် နှင့် ပုလဲမြို့နယ်များတွင် အာဏာသိမ်းစစ်တပ် ဖြတ်သန်းမှုအတွင်း မိုင်းခွဲခံရမည်ကိုကြောက်၍ ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ(၅)ရက်နေ့က လည်ငေါက်ရွာ - ယင်းမာပင်အကြားတွင် ဆရာစံ PDF က အာဏာသိမ်းစစ်တပ် ယာဉ်တန်းကို မိုင်း(၈၆)လုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အာဏာသိမ်းစစ်တပ်မှ အများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ခြင်းကြောင့် ဖုန်းလိုင်းများ ဖြတ်တောက်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

တစ်နယ်လုံး မရတာ။ ဟိုနေ့က လည်ငေါက်ရွာမှာ မိုင်း(၈၆)လုံးဆွဲခံရပြီးတော့ ဒီနေ့သူတို့ မုံရွာအပြန်ကိုကြောက်လို့နေမယ်။ မိုင်းခွဲခံရမှာ ကြောက်လို့နေမယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ ) ပြောသည်။

ဇန်နဝါရီလ(၅)ရက်က ဆရာစံ PDF တပ်ဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်၏ ယာဉ်(၄)စီး ထိခိုက်ပျက်ဆီးသွားသည့်အနက် မော်တော်ယာဉ် (၂)စီးမှာ လုံးဝသုံးမရအောင် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။