အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်(၉၀)အေးမေတ္တာလမ်း၊ နေအိမ်တွင် သတ်ဖြတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို မဘသနှင့် ပျူစောထီးများက သတ်ဖြတ်ကြခြင်း ဖြစ်သည်ဟု ဒေသခံများက Tachileik News Agency ကိုအတည်ပြု ပြောဆိုသည်။
ယင်းကဲ့သို့ တရားလက်လွတ်သတ်ဖြတ်မှုကိုမူ စစ်ကောင်စီဘက်က လစ်လျှူရှုထားပြီး ၎င်းတို့အားထောက်ခံသူများ သတ်ဖြတ်ခံရပါက စစ်ကောင်စီက ဖမ်းဆီးသည်ဟုလည်း ဒေသခံများက ဝေဖန်ကြသည်။
၎င်းသတ်ဖြတ်မှုကို မဘသနှင့် ပျူစောထီးများက လုပ်ဆောင်ခြင်း ဖြစ်ပြီး လီလီနိုင်ကျော်အတွက် လက်စားချေခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ရေးသားထားကြသည်။
စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူဟုလည်း လူသိများသည့် အဆိုတော် လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့သူများဟုဆိုကာ ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ)အီးတီတို့ (၂)ဦးကို ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်တစ်ခု၌ စစ်ကောင်စီက ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ ညနေပိုင်းတွင် အဆိုတော် လီလီလီနိုင်ကျော်သည် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ်(က/၂၆၇)၊ တိုက်ခန်းအမှတ်(၇)ရှေ့ ၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးခြင်းမရှိသေးပဲ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာကို တစ်ပတ်နီးပါးကြာ ကုသမှုခံယူခဲ့ရပြီးနောက် ဇွန်လ(၆)ရက်နေ့ ၊ နံနက်ပိုင်းမှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက လူမှုကွန်ယက်တွင် ရေးသားထားကြသည်။
#TachileikNewsAgency
လီလီနိုင်ကျော်ကို ပစ်သတ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့်အစ်မ သတ်ဖြတ်ခံရ
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024