ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ကောင်စီဂိတ်စခန်းမှ ပြည်သူ့စစ်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် ခုခံထွက်ပြေးသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း

ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ကောင်စီဂိတ်စခန်းမှ ပြည်သူ့စစ်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် ခုခံထွက်ပြေးသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ကောင်စီဂိတ်စခန်းမှ ပြည်သူ့စစ်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် ပြန်လည်ခုခံပြီး ထွက်ပြေးရန်ကြိုးစားသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်ရှင်းလင်းကြောင်း Young Force UG အဖွဲ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ကောင်စီဂိတ်စခန်းမှ ပြည်သူ့စစ်နှစ်ဦးအား ဇွန်လ (၁၉) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီဂိတ်စခန်းအနီးထိ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါပြည်သူ့စစ်နှစ်ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းနေစဉ် ပြန်လည်ခုခံပြီးထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Young Force UG အဖွဲ့မှ ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂) ThuRain-TR (Pakokku)၊ Young Force–UG နှင့် မြိုင် (ပကဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပခုက္ကူမြို့နယ်တွင်း စစ်ကောင်စီနှင့်လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းပါက ယူဆောင်လာသည့် လက်နက်အမျိုးအစားအလိုက် ဂုဏ်ပြုငွေများပေးအပ်ပြီး ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးထားသည်။

#TachileikNewsAgency