နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က မီးထပ်ရှို့နေပြီး ရွာဘုန်းကြီးကျောင်းမှ စစ်ရှောင်များ၏ ဖုန်းများ သိမ်းဆည်းခံထားရ

နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က မီးထပ်ရှို့နေပြီး ရွာဘုန်းကြီးကျောင်းမှ စစ်ရှောင်များ၏ ဖုန်းများ သိမ်းဆည်းခံထားရ
ဒီဇင်ဘာ 28, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းရွာတွင် တပ်စွဲနေသည့် အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ရွာတွင်းမှနေအိမ်များကို ဆက်လက်မီးရှို့နေပြီး ရွာတွင်းဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် ဒေသခံများ၏ ဖုန်းများကိုလည်း သိမ်းထားသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က နတ်ချောင်းရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ(၂၆)ရက်နေ့ ကတည်းက ဝင်၍ တပ်စွဲထားပြီး ဒေသခံများအား ဖမ်းဆီးခြင်း၊ နေအိမ်များ မီးရှို့ခြင်းပြုလုပ်၍   ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ခိုက်မှုဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတို့ဖြင့်ပါ အဆိုပါကျေးရွာကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ညပိုင်းအချိန်များတွင် ကလေးနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ညဦးပိုင်းအချိန်မှစပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်  နတ်ချောင်းရွာ၊ ချောင်းခွရွာ၊ ပန်းမွန်ချောင်းရွာပေါ်သို့ လက်နက်ကြီးများထိမှန်သဖြင့် ဒေသခံများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူဖြင့်ပါ တိုက်ခိုက်၍ ပစ်ခတ်သံများကြောင့် ထွက်ပြေးသည့် အရပ်သားပြည်သူများ ထိမှန်သေဆုံးမှုလည်းရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

နတ်ချောင်းတွင်  အာဏာသိမ်းစစ်တပ်နှင့် ပြင်းထန် တိုက်ပွဲဖြစ်ပွားရာ  ဒေသကာကွယ်ရေးအဖွဲ့ဘက်က (၂)ဦး ကျဆုံးကာ (၆)ဦး ဒဏ်ရာရ