KNU တပ်မဟာ (၅)နယ်မြေတွင် (၁၅)ရက်အတွင်း တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားကာ အာဏာသိမ်းတပ်မှ (၅၄)ဦးသေဆုံး

KNU တပ်မဟာ (၅)နယ်မြေတွင် (၁၅)ရက်အတွင်း တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားကာ အာဏာသိမ်းတပ်မှ (၅၄)ဦးသေဆုံး
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

ကရင်ပြည်နယ်တွင်း KNU တပ်မဟာ (၅)နယ်မြေတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၏ (၁၅)ရက်အတွင်း အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲပေါင်း (၁၁၁)ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်းတပ်မှ (၅၄) ဦး သေဆုံးပြီး (၃၉) ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

KNU တပ်မဟာ ၅ နယ်မြေဖြစ်သည့် မူတြော်ခရိုင်အတွင်း ဒီဇင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အာဏာသိမ်းစစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲပေါင်း (၁၁၁)ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှ (၁) ဦးကျဆုံးပြီး (၆) ဦးဒဏ်ရာရသည်ဟု သိရသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများအတွင်း  အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တို့သည် ဖာပွန်၊ ကမမောင်း၊ ၂၁ မိုင် ၊ ထွီသီးအူ၊ လူသောမြို့နယ်တောင်ပိုင်းနှင့် ပြည်သူလူထု၏ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးရမ်းသမ်းပစ်ချမှုပေါင်း (၁၀၈) လုံး ရှိခဲ့ကြောင်းကို KNU၏ ခရိုင် နှင့် တပ်မဟာ စစ်ရေးသတင်းများကို ကိုးကား၍ KNU ဗဟိုက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

 

ဆက်စပ်သတင်း

အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် တိုက်ပွဲဖြစ်ရသည့်အကြောင်းရင်းနှင့် ဖြစ်စဉ်ကို  KNU သတင်းထုတ်ပြန်