အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည်ကျ၍ ထိုင်းဘက်တွင် မီးလောင်၊ အနီးဝန်းကျင်နေထိုင်သူများ တိမ်းရှောင်နေရ

 မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် KNU တို့ကြား တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းစစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ကျရောက်မီးလောင်၍ အနီးဝန်းကျင်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိုင်းနိုင်ငံသားများ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ မြန်မာဘက်က စစ်ဘေးရှောင်လာသည့် သက်ကြီးရွယ်အိုတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် ထိုင်းကျန်းမာရေးက ကုသမှုပေးနေကြောင်း သိရသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အနီးဝန်းကျင်ရှိ စစ်ဆေးဂိတ်နှင့် ဒေသခံအချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

အာဏာသိမ်းတပ်က KNU နယ်မြေကို ကျူးကျော်လာမှုကြောင့် အာဏာသိမ်းစစ်တပ်နှင့် KNUတို့ကြား တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံထောင်နှင့်ချီ၍ ထိုင်းနိုင်ငံဘက် ထွက်ပြေးကြရပြီး ထိုင်းနိုင်ငံက လူသားချင်းစာနာမှုအကူအညီပေးထားခြင်းဖြစ်သည်။