မကွေးတိုင်း၊ ယောဒေသအတွင်း အာဏာသိမ်းစစ်တပ်မှ ကျေးရွာများအတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်သည့်အတွက် တောင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရ၍ စပါးများ အချိန်မီရိတ်သိမ်းနိုင်ရေးအတွက် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF(Saw&Kyaukhtu)က ကူညီပြီး ရိတ်သိမ်းပေးနေကြကြောင်း သိရသည်။
ယောဒေသတွင်း အပါအဝင် ချင်းပြည်နယ်နှင့် ယောနယ်စပ်တို့တွင် အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့်အတွက် စပါးများအမြန်ဆုံး ရိတ်သိမ်းပေးကူနေလျက်ရှိပြီး စပါးရိတ်သိမ်းချိန် ပြီးဆုံးပါက YDF(Saw&Kyaukhtu) မှ အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ဆင်မှုများကို ပြန်လည် ခုခံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။
အာဏာသိမ်းစစ်တပ်က ယောဒေသအတွင်းရှိ ကျေးရွာများတွင် ကျေးရွာနေ ပြည်သူအချို့အား PDF ဟု စွပ်စွဲကာ ဖမ်းဆီး ခေါ်ဆောင် နှိပ်စက်ခြင်း၊ အိုး အိမ်များကို ဖျက်ဆီးခြင်းအပြင် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ပြီး လိုချင်သည့် ပစ္စည်းများကို ခိုးဝှက်ယူဆောင်သွားခြင်းများ ပြုလုပ်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။
#TachileikNewsAgency
Photo: YDF