ပခုက္ကူမြို့တွင် အာဏာသိမ်းအဖွဲ့အတွက် အခွန်ကောက်ခံပေးခြင်း မလုပ်ရန်  လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကို PDF က  ဗုံးခွဲ သတိပေး

ပခုက္ကူမြို့တွင် အာဏာသိမ်းအဖွဲ့အတွက် အခွန်ကောက်ခံပေးခြင်း မလုပ်ရန်  လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကို PDF က  ဗုံးခွဲ သတိပေး
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း မီတာခနှင့် ရေမီတာခများဖြင့် အာဏာသိမ်းအဖွဲ့အား အထောက်အကူဖြစ်စေ၍ ဆက်လက် မလုပ်ဆောင်ရန် သတိပေးသည့်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့က ဖေါက်ခွဲသတိပေးထားကြောင်း  ပခုက္ကူ PDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ ယခုတစ်ကြိမ်မှာ နောက်ဆုံး သတိပေးခြင်းဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်းအဖွဲ့အား အထောက်အကူမဖြစ်စေရေးအတွက် ပြည်သူများက အခွန်အခမပေးဆောင်ခြင်းဖြင့် တော်လှန်နေကြချိန်တွင် စစ်ကောင်စီလက်အောက်ခံဌာနများက အခွန်အခများကောက်ခံခြင်းအား ပုံမှန်အတိုင်း ဆက်လက်ကောက်ခံနေကြသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးခြင်းများကို လုပ်ဆောင်လာကြသည်ကို တွေ့နေရခြင်းဖြစ်သည်။