တာလီဘန်နှင့် မြန်မာစစ်အာဏာရှင်များ၏ ကိုယ်စားလှယ်များကို ကုလတွင် လက်ခံဖွယ် မရှိဟု သံတမန်များဆို

General debate of the 75th session of the General Assembly. Photo/ Un.org.
General debate of the 75th session of the General Assembly. Photo/ Un.org.
တာလီဘန်နှင့် မြန်မာစစ်အာဏာရှင်များ၏ ကိုယ်စားလှယ်များကို ကုလတွင် လက်ခံဖွယ် မရှိဟု သံတမန်များဆို
ဒီဇင်ဘာ 1, 2021 | နိုင်ငံတကာသတင်း

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်ခန့်အပ်ရေးအတွက် အာဖဂန်မှ တာလီဘန် နှင့် မြန်မာစစ်အာဏာရှင်များက တင်သွင်းထားသည့် ကိုယ်စားလှယ်များကို လက်ခံဖွယ် မရှိကြောင်း ကိုယ်စားလှယ်ရွေးချယ်ရေးနီးကပ်လာချိန်၌ သံတမန်အသိုင်းအဝိုင်းမှ မှတ်ချက်ပြုသံများ ထွက်ပေါ်လာနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် အာဏာသိမ်းပြီးချိန်တွင် ပြည်သူနှင့်အတူ ရပ်တည်နေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက်လက်ခံထားပြီး မြန်မာအာဏာသိမ်းအဖွဲ့က သံအမတ်ကြီးနေရာတွင် အစားထိုးရန် စစ်တပ်မှ အောင်သူရိန်ကို အမည်စာရင်းပေးထားခြင်းဖြစ်သည်။

ကုလသမဂ္ဂတွင် နိုင်ငံအသီးသီးမှ ကိုယ်စားပြုကိုယ်စားလှယ်တင်သွင်းထားမှုအား စိစစ်လက်ခံမည့် ကော်မတီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့၌ ရွေးချယ်ကြမည်ဖြစ်သည်။

ယင်းကဲ့သို့ ရွေးချယ်ရာတွင် နိုင်ငံတကာအသိအမှတ်ပြုမှုရလိုနေသည့် အာဖဂန်မှ တာလီဘန်နှင့် မြန်မာမှ အာဏာသိမ်းအဖွဲ့တို့၏ ကိုယ်စားလှယ်များကို လက်ခံဖွယ်မရှိကြောင်း သတင်းများ ထွက်လာခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ရုရှားတို့အပါအဝင် နိုင်ငံပေါင်း (၉)နိုင်ငံမှပါဝင်သည့် ကိုယ်စားလှယ်ရွေးချယ်မည့်အဖွဲ့က အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ ကိုယ်စားလှယ်ရွေးချယ်ရေးအတွက် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

 

Source: CNA