အာဏာသိမ်းစစ်တပ်၏ စနိုက်ဘာသမားများ တက်ရောက်နေရာယူလေ့ရှိသည့် ရေစကြိုမြို့က Mytel တာဝါတိုင်ကို အပြီးတိုင် ဖြိုလဲ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ကျေးရွာတစ်ရွာရှိ အာဏာသိမ်းစစ်တပ်၏  Mytel တာဝါတိုင်တစ်ခုလုံးကို ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့်  သိန်းငှက်ပြောက်ကျားအဖွဲ့မှ နိုဝင်ဘာလ(၂၂)ရက်နေ့က လဲကျသည်အထိ ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ယခုလိုတာဝါများ ဖျက်ဆီးရခြင်းမှာ ရေလယ်ကျွန်းဒေသကို စခများ ဝင်ရောက်ချိန်တွင် စခ စနိုက်ဘာများ တက်ရောက်နေရာယူခြင်းကြောင့် တာဝါတိုင်များပါ ဖျက်ဆီးရခြင်းဖြစ်ပါသည်။

ဟု သိန်းငှက်ပြောက်ကျားအဖွဲ့က နိုဝင်ဘာလ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်ကာ အသိပေးထားသည်ကိုတွေ့ရသည်။

ဖြိုလဲလိုက်သည့် Mytel တာဝါတိုင် အပြင် စက်များကိုလည်း ပြန်လည်အသုံးပြု၍ မရစေရန် စက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း အသိပေးထားသည်။ 



Video: သိန်းငှက်ပြောက်ကျားအဖွဲ့