မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ခေါက်ခူရွာနှင့် ရှောက်ပင်ရွာအကြား ဒေသကာကွယ်ရေးအဖွဲ့များက မိုင်း(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်သည့်အတွက် အာဏာသိမ်းစစ်တပ်ဘက်က (၁၁)ဦးသေဆုံးပြီး (၂၀)ကျော် ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က နိုဝင်ဘာလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကား(၅)စီးအား ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) နှင့် CDF-KKG တပ်ရင်း (၅)တို့ ပူးပေါင်းတပ်ဖွဲ့မှ မိုင်(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကား(၂)စီး ထိခိုက်ပျက်စီးသွားပြီး ခြင်း ဖြစ်သည်။
မိုင်းခွဲခံရမှုကြောင့် ထိခိုက်သေဆုံးမှုများရှိသည့်အပြင် အာဏာသိမ်းစစ်တပ်၏ ကျည် အတောင့် (၄၀၀)ကျော် နှင့် ယူနီဖောင်း (၂)စုံ၊ ကျည်ဘောက် (၂)ခု၊ ဘေးအိတ် (၁)စုံ၊ အပူချိန်တိုင်းစက်(၁)ခု၊ တီရှုပ်၊ ဖိနပ် နှင့် ဓါတ်ပုံများ သိမ်းဆည်းရမိကြောင်း သိရသည်။