စစ်ကိုင်းတိုင်းဒေသကြီးး၊ တန့်ဆည်မြို့နယ် ဆိတ်ကျေးကူးရွာတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် အာဏာသိမ်းတပ်က ရွာတွင်းဝင်ပြီး နေအိမ်များဖျက်ဆီးနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပကာကျေးရွာတွင် တပ်စွဲထားသည့်အဖွဲ့ကလည်း ရွာပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
အာဏာသိမ်းတပ်ဖွဲ့များရှိနေသည့်အတွက် တန့်ဆည်မြို့နယ်အတွင်း ရေဦး-တမာတော-ကလေးဝလမ်းပိုင်း၊ တန့်ဆည်-ကံထူးမ-ကလေးဝလမ်းပိုင်း၊ ကံထူးမအနောက် ကံထူးမ - ပကာလမ်းပိုင်းတွင် အသွားအလာမပြုလုပ်ကြရန် ဒေသခံများက သတိပေးထားကြသည်။
တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်နေမှုကြောင့် ပကာ၊ စိန်ကျေးကူ၊ စင်းသင်း၊ ခေါင်ယာ၊ မောက်တက် စသည့်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာတွင်းမှ နေအိမ်များကို ဖေါက်ထွင်း၍ ပစ္စည်းယူခြင်း၊ နေအိမ်မီးရှို့ခြင်းများကို အာဏာသိမ်းတပ်က လုပ်နေကြောင်း သိရသည်။