ထားဝယ်မြို့နယ်၊ ကျောက်ထုတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၇ ဦးကိုဖမ်းမိ

ထားဝယ်မြို့နယ်၊ ကျောက်ထုတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၇ ဦးကိုဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ ကျောက်ထုတပ်စခန်းကို KNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၇)ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNUထံမှ သိရသည်။

ဘန်ချောင်းဒေသရှိ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ(၂၇၃)တပ်ရင်းမှ တပ်စွဲထားသော ကျောက်ထုစခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၅)ဦး သေဆုံးပြီး (၇)ဦး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် (၄)လက်၊ MA2 သေနတ် (၂)လက်၊ MA3 သေနတ် (၆)လက်၊ MA4 သေနတ်တစ်လက်၊ MA5 သေနတ်တစ်လက်၊ ငါးကြင်းမြီး သေနတ်တစ်လက်၊ RPG7 တစ်လက် ၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း (၂)လက်၊ ၆၀ မမ ကျည် (၁၆)လုံး၊ RPG7 ကျည်(၅)လုံး၊ ၄၀ မမ ကျည်(၄၂)လုံး၊ (၅.၅၆)ကျည် (၃၀၉၀)တောင့်၊ (၇.၆၂) ကျည်(၁၁၀၀)တောင့်၊ လက်ပစ်ဗုံး၊ အီနာဂါဗုံး၊ ရှေ့ထွက်မိုင်း၊ တိုက်မိုင်း၊ နင်းမိုင်းအပြင် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency