စစ်အာဏာရှင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထားထံသို့ စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် ခမရ (၁၆) တပ်နှင့် မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်အခြေစိုက် အမှတ် (၇) စစ်ရေးလေ့ကျင့်ရေးတပ်များက အလှူငွေများ ပေးပို့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် ခမရ (၁၆) တပ်မှ အာဏာသိမ်းတပ် တပ်ဖွဲ့ဝင်များ၏ ဇနီး(၁၆) ဦးက မုံရွာ PDF ကို အလှုငွေ ကျပ် (၅)သိန်းလှူဒါန်းပေးပို့ခဲ့ပြီး တောင်တွင်းကြီးမြို့နယ်အခြေစိုက် အမှတ် (၇) စစ်ရေးလေ့ကျင့်ရေးတပ်မှ တပ်တွင်း ဖရဲသီးများကလည်း ဒေသတွင်းရှိ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်သို့ အလှူငွေ ကျပ် (၁) သိန်း ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလှူငွေအတွက် မုံရွာအခြေစိုက် ခမရ (၁၆)အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် မှတ်တမ်းတင် ဂုဏ်ပြုထားသည်ကို တွေ့ရပြီး ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ကလည်း နိုဝင်ဘာလ (၉) ရက်နေ့ နေ့စွဲဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။