စစ်ကိုင်းတိုင်းတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် NUG ဝန်ကြီးဌာနများ အရေးပေါ်စည်းဝေး ပြုလုပ်

စစ်ကိုင်းတိုင်းတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် NUG ဝန်ကြီးဌာနများ အရေးပေါ်စည်းဝေး ပြုလုပ်
အောက်တိုဘာ 24, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာဏာသိမ်းစစ်တပ်က ဖိအားပေးထိုးစစ်ဆင်မှုများ ပြုလုပ်နေသည့်အတွက် တိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရေးအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် အရေးပေါ်အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထော်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်တို့က စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုံကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အာဏာသိမ်းအဖွဲ့က စစ်ကိုင်းတိုင်းကို တပ်အင်အား အလုံးအရင်းဖြင့် ဖိအားပေး ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။