လွိုင်ကော်မြို့ပေါ်တွင်  အာဏာသိမ်းအဖွဲ့မှ ညပိုင်း၌ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် ယနေ့ မေလ (၂၃)ရက်နေ့ ညနေမှက၍ အာဏာသိမ်း အဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြက် ပစ်ခတ်နေကြောင်း သိရသည်။ 

ညနေကတည်းက သံချပ်ကာ အမြှောက်ကားတွေနဲ့ ရပ်ကွက်တွေထဲ မြင်မြင်သမျှလိုက်ပစ်နေတာ။ လူကို ပစ်တာလား ဘာကိုပစ်တာလည်း မသိဘူး ။ အခုထိ ပစ်တုန်း ။ လက်နက်ကြီးကော လက်နက်ငယ်ကော ပစ်နေတာ။

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။ 

လွိုင်ကော်မြို့ရှိ မြကလပ်ဘုရား တောင်ပေါ်တွင် အာဏာသိမ်းစစ်တပ်မှ တပ်စွဲ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသလို ရပ်ကွက်များတွင်လည်း အကြမ်းဖက်လက်နက်ကိုင်များမှ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေဆဲ ဖြစ်ကြောင်းသိရသည်။