ဒေါက်တာဆာဆာ နှင့် RCSS တွေ့မည်

ဒေါက်တာဆာဆာ နှင့် RCSS တွေ့မည်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH ၏ ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာဆာဆာက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တွေ့ဆုံမည်ဟု ၂၀၂၁ ခုနှစ် မတ်လ (၆) ရက်နေ့၌ ထုတ်ပြန်အသိပေးထားသည်။



‌ဒေါက်တာဆာဆာသည် မတ်လ (၅) ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူးအပါအဝင် KNU တာဝန်ရှိသူတို့နှင့်တွေ့ဆုံဆွေးနွေးထားသည့်အပြင်  မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူး၊ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း ရန်ဟီးလီ၊ ကုလ အချက်အလက်ရှာဖွေစုံစမ်းရေးမစ်ရှင်အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ မာဇူကီ ဒါရုစ်မန်နှင့် ခရစ် ဆီဒိုတီ၊ ကုလသမဂ္ဂ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် အာမက် ရှာဟိဒ်၊ မြန်မာ့အရေးသုတေသီ ဘန်းနီဒစ် ရော်ဂျာ၊ ကုလလူ့အခွင့်အရေးကောင်စီရုံးက ပီ ပလာနက်၊ ယေးလ်ဥပဒေကျောင်းက ပါမောက္ခ ရော်ဂျာ ပိုလက်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။



Tachileik News Agency