နိုင်ငံတော်အာဏာသိမ်းခံရမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများ၏ Civil Disobedience Campaign တွင် မြန်မာလေယာဉ်မောင်မယ်များ ပါဝင်လာ

နိုင်ငံတော်အာဏာသိမ်းခံရမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများ၏ Civil Disobedience Campaign တွင် မြန်မာလေယာဉ်မောင်မယ်များ ပါဝင်လာ
ဖေဖော်ဝါရီ 4, 2021 | နိုင်ငံရေး
By Tachileik News Agecny

တပ်မတော်က နိုင်ငံတော်အာဏာသိမ်းသည်ကို လက်မခံသဖြင့် လုပ်ငန်းတာဝန်များ ဆက်လက် မလုပ်ဆောင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ Civil Disobedience Campaign ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့က ကျန်းမာရေးဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းများက စတင်နေရာ ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် မြန်မာလေယာဉ်မောင်မယ်များလည်း ပါဝင်လာကြသည်။

တရားမျှတပြီး ငြိမ်းချမ်းသော ဒီမိုကရေစနစ်ကို ပြန်လည်ရယူလို၍ Civil Disobedience Campaign ကို ငြိမ်းချမ်းသည့်နည်းဖြင့် ပါဝင်လုပ်ဆောင်လာကြခြင်းဖြစ်၍ လုပ်ငန်းတာဝန်များ ဆက်လက်လုပ်ဆောင်ခြင်း မပြုဘဲနေရသော်လည်း အများပြည်သူကို ထိခိုက်နစ်နာစေရန် ဆန္ဒမရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



တပ်မတော်က နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် မဲစာရင်းမှား၍ဟုဆိုကာ သိမ်းယူလိုက်ပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ဖေဖေါ်ဝါရီလ (၃) ရက်နေ့၌ အမှုဖွင့်ထားခြင်းဖြစ်သည်။

Tachileik News Agency