မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုကို EU က ပြင်းထန်စွာ ရံှုံ့ချကြောင်း ထုတ်ပြန်

မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုကို EU က ပြင်းထန်စွာ ရံှုံ့ချကြောင်း ထုတ်ပြန်
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး
By Tachileik News Agency

မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းမှုအား ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် တပ်မတော်၏ ယနေ့လုပ်ရပ်များသည် ယခင်ဆယ်စုနှစ်များ၏ နာကျင်ဖွယ် အမှတ်ရစရာများကို ပြန်လည်ဖြစ်ပေါ်စေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်၊ ဒုတိယဥက္ကဌ Josep Borrell က ထုတ်ပြန်လိုက်သည်။

မြန်မာ့တပ်မတော်ရဲ့ အာဏာသိမ်းမှုကို ကျွန်တော်ပြင်းထန်စွာရှုတ်ချပါတယ်။ ဒါဟာ တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှင်းလင်းစွာချိုးဖောက်ရာရောက်ပြီး စစ်တပ်က မြန်မာပြည်သူတို့၏ ဆန္ဒနှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ထုပ်ဖော်ပြသခဲ့တဲ့ သူတို့ရဲ့ ပြင်းပြင်းထန်ထန်ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီကိုပယ်ဖျက်ရန်ကြိုးပမ်းမှုပဲဖြစ်တယ်။ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖမ်းခံထားရသော အခြားသူများကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးရမည် ဖြစ်ပါတယ်

ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံရှိ တရားဝင် အရပ်သားအစိုးရအား ချက်ချင်းပြန်လည်ထူထောင်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းထားသည့်အတိုင်း ရွေးကောက်ခံကိုယ်စားလှယ်များအားလုံး၏ ပါဝင်မှုနှင့်အတူ လွှတ်တော် လျင်မြန်စွာ ခေါ်ယူရန် ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

တပ်မတော်က အာဏာသိမ်းမှုနှင့်ပတ်သက်၍  ဥရောပသမဂ္ဂအနေဖြင့် နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွးကောက်ပွဲ (၃) ကြိမ်ကျင်းပနိုင်ခဲ့ပြီး တတိယအကြိမ် ရွေးကောက်ပွဲအပြီးတွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီး နိုင်ငံတော်အား အရေးပေါ် (၁) နှစ်ကြေညာလိုက်ခြင်းဖြစ်သည်။



Tachileik News Agency