လွိုင်ကော်တွင် အရပ်သားတစ်ဦးသေဆုံးမှု ကျူးလွန်ခဲ့သူ KNDF ရဲဘော်နှစ်ဦးကို ထောင်ဒဏ် (၂၀)နှစ်နှင့် တစ်လချ

လွိုင်ကော်တွင် အရပ်သားတစ်ဦးသေဆုံးမှု ကျူးလွန်ခဲ့သူ KNDF ရဲဘော်နှစ်ဦးကို ထောင်ဒဏ် (၂၀)နှစ်နှင့် တစ်လချ
မတ် 24, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ပီကင်းကောခူရွာတွင် နေထိုင်သူ အရပ်သားတစ်ဦး ပစ်ခတ်ခံရကာ သေဆုံးမှုတွင် ကျူးလွန်ခဲ့သူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲဘော်(၂)ဦးအား ယနေ့ ၂၀၂၄ခုနှစ် မတ်လ ၂၄ရက်နေ့တွင် ထောင်ဒဏ်(၂၀)နှစ်နှင့် တစ်လချလိုက်ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ညပိုင်းက အသက်(၂၇)နှစ်အရွယ်ရှိ ဒေသခံတစ်ဦးအား ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှုစွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသော လက်နက်ကိုအသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦးစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာ အက်ဥပဒေပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှု ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦးအား စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် တစ်လ ပြစ်ဒဏ်ခံယူရန် ဗဟိုစစ်ခုံရုံးအဖွဲ့က ယနေ့တွင် စီရင်ချက်ချမှတ်လိုက်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Karenni Nationalities Defense Force-KNDF