ကယားပြည်နယ်အစိုးအဖွဲ့ရုံး နှင့် လွှတ်တော်တို့ကို တပ်က လက်နက်အပြည့်အစုံဖြင့် စောင့်ကြည့်ထားပြီး မြို့ဝင် ဂိတ်များကို ပိတ်ထား

ကယားပြည်နယ်အစိုးအဖွဲ့ရုံး နှင့် လွှတ်တော်တို့ကို တပ်က လက်နက်အပြည့်အစုံဖြင့် စောင့်ကြည့်ထားပြီး မြို့ဝင် ဂိတ်များကို ပိတ်ထား
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး

ကယားပြည်နယ်တွင် အစိုးရအဖွဲ့ရုံး၊ လွှတ်တော်တို့ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် တပ်က လက်နက်အပြည့်အစုံဖြင့် စောင့်ကြည့်နေပြီး ပြည်နယ်တွင်း မြို့အားလုံးတွင် အဝင်အထွက်ဂိတ်များ ပိတ်ထားကြောင်း သိရသည်။

ကယားက အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဌ၊ NLD ပါတီက ခရိုင်ဥက္ကဌတွေ၊ မြို့နယ် ဥက္ကဌတွေ၊  ကိုယ်စားလှယ်တွေကို ဖမ်းထားပြီ။ NLD ဘက်က သိရတာတော့ အကုန်လုံးဖမ်းထားတယ်ပြောတယ်။ လွှတ်တော်ရယ် အစိုးရရုံးကို တပ်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားပြီး ရုံးတက်တဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်တယ်ပြောတယ်။ ဝန်ကြီးတွေတော့ ဖမ်းထားတယ်။ အဆက်အသွယ်က ဘာမှ လုပ်လို့မရဘူး။ တစ်မြို့နဲ့တစ်မြို့လည်း သွားလို့မရဘူး။ မြို့ဝင်ဂိတ်တွေမှာ စစ်သားတွေ စောင့်နေတယ်။

ဟု လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တပ်က အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း တစ်မြို့နှင့်တစ်မြို့ အသွားအလာကန့်သတ်လိုက်သည့်အပြင် လွိုင်ကော်လေဆိပ်ကိုလည်း ပိတ်လိုက်ပြီး အသွားအလာအဆက်အသွယ်အားလုံးကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။



Tachileik News Agency

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။