~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
**********
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သရက်ကုန်း၊ သမန်းရင်း၊ သမုန်းကုန်းကျေးရွာများတွင် မိုးရာသီအတွင်း စက်လှေဖြင့်ဖြတ်ကူးကြရသည့် ဒေသခံများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် အသက်ကယ်အကျီ ၤများ ကို ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေးကွန်ရက်က လှူဒါန်းထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေးကွန်ရက်မှ အသက်ကယ်အင်္ကျ ီLife Jacket များလှူဒါန်းမှုကြောင့်မုန်းချောင်း ကိုလှေ ဖြင့်ဖြတ်ကူး၍ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ပညာသင်ကြားနေကြ ရသည့် ကျောင်းသား၊ကျောင်းသူများအတွက် စိုးရိမ်ပူပန်မှုကို အထိုက်အလျှောက် လျော့ကျစေနိုင်ခဲ့သည် ဟု ကျောင်းသား မိဘများထံမှသိရသည်။
မိုးရာသီအတွင်း အဆိုပါဒေသများတွင် စက်လှေဖြင့်သွားလာနေရသော်လည်း စက်လှေများတွင် အသက်ကယ်အကျီ ၤမထားရှိသဖြင့် အဆိုပါလူမှုကူညီရေးအဖွဲ့က အသက်ကယ်အကျီ ၤအထည် (၂၀)ကို ကျေးရွာသုံးရွာအသုံးပြုနေသည့် စက်လှေဆိပ်မှ စက်လှေများတွင် ထားရှိပေးခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးကွန်ယက်အတွင်းရေးမှူး ဦးဘုန်းမြင့်ထံမှ သိရသည်။
“မိသားစုဝမ်းရေးအတွက်ရော ကလေးတွေပညာရေးအတွက်ပါ မုန်းချောင်းကိုဖြတ်ကူးနေကြရပါတယ်။ လူကြီးတွေက အကြောင်းမဟုတ်ပေမဲ့ ကလေးတွေအတွက် အမြဲတမ်းစိုးရိမ်နေရပါတယ်။ အခုလို အသက်ကယ်အင်္ကျ ီတွေအလှူရှင်ပေါ်လာတော့ ကလေးတွေအတွက် စိုးရိမ်ပူပန်မှုကို အတော်အသင့် လျော့ပါးစေခဲ့လို့ အလှူရှင်တွေကို ကျေးဇူးတင်ရပါတယ်”ဟု သရက်ကုန်းကျေးရွာနေ ကျောင်းသားမိဘ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မုန်းချောင်းအနောက်ဘက်ကမ်းရှိ သရက်ကုန်း၊ သမန်းရင်း၊ သမုန်းကုန်း ကျေးရွာများမှ ဒေသခံများ၊ ကျောင်းသား၊ ကျောင်းသူ (၆၀)ကျော်မှာ နေ့စဉ် မုန်းချောင်းကို ဖြတ်ကူးနေကြခြင်းဖြစ်ရာ လက်ရှိ လှူဒါန်းထားသည့် အသက်ကယ်အကျီ ၤများမှာ လူဦးရေနှင့် မလုံလောက်သဖြင့် စက်လှေများက ထိန်းသိမ်းပေးထားကာ ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေးဝတ်ဆင်စေကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်