ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ယာယီတက္ကသိုလ်ကောင်စီက CDM, Non-CDM Policy မူကြမ်း ထုတ်ပြန်

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ယာယီတက္ကသိုလ်ကောင်စီက CDM, Non-CDM Policy မူကြမ်း ထုတ်ပြန်
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ယာယီတက္ကသိုလ်ကောင်စီက ဦးဆောင်ပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၏ သက်ဆိုင်ရာ stakeholder များ အားလုံးနှင့် အခြားပြင်ပ ပညာရှင်များပါဝင်ကာ ဆွေးနွေးမှုများ၊ ဥပဒေရေးရာ အကြံပြုချက်များဖြင့် ရေးဆွဲထားသည့် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၏ CDM၊ Non-CDM Policy မူကြမ်းအား အများပြည်သူသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။

ဒါပြီးရင်တော့ တိုင်းဒေသကြီးအဆင့်ထိသွားနိုင်ဖို့ ပြင်နေကြပါတယ်။ မူဝါဒနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့လည်း အလွတ်သဘောဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ လောလောဆယ်တော့ မုံရွာမြို့နယ် အဆင့်မြင့်ပညာကဏ္ဍက ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွေနဲ့လည်း ဆွေးနွေဖို့ပြင်နေကြပါတယ်။ မြို့နယ်အဆင့်၊ တိုင်းအဆင့်ကို ဒီမူဝါဒအပေါ်အခြေခံပြီး ဆက်လက်ဆွေးနွေးကြမယ်ဆိုတာမျိုးပါ

ဟု ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ယာယီတက္ကသိုလ်ကောင်စီ၏ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ပြောသည်။

လက်ရှိထုတ်ပြန်ထားသည့် မူဝါဒမူကြမ်းကို အတည်ပြုကျင့်သုံးနိုင်ရေး၊ ဥပဒေတစ်ရပ်ဖြစ်တည်ရေးအတွက် ဆက်လက် လုပ်ဆောင်မည်ဖြစ်၍ မူဝါဒမူကြမ်းအား တက္ကသိုလ်ကောင်စီ၏ Website တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မူဝါဒမူကြမ်းကို Download ရယူလိုသူများအနေဖြင့် https://bit.ly/3mIKJFb  မှ လည်းကောင်း တက္ကသိုလ်ကောင်စီ၏ Website ရှိ Data Section တွင် Free Download ရယူ၍ လည်းကောင်း ရရှိနိုင်ကြကြောင်း သိရသည်။



Download : 

#TachileikNewsAgency