ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမို႕ မီးလင္းေရးေကာ္မတီမွ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးသို႔ ျခင္ေဆးဖ်န္းစက္ (၅) လံုး၊ ၾကက္ေျခနီအသင္းသို႔ ျခင္ေဆးဖ်န္းစက္ (၂) လံုး၊ စုစုေပါင္း (၇) လံုးလွဴဒါန္းမႈႏွင့္ ေက်ာင္းအတြင္း ျခင္ေဆးျဖန္းျခင္းလုပ္ငန္းမ်ားကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁၃) ရက္ေန႔ နံနက္ပိုင္းက အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
"မႏွစ္က ကၽြန္ေတာ္တို႔ ေသြးလြန္တုပ္ေကြးစာရင္းေကာက္ၾကည့္တဲ့အခါမွာ တာခ်ီလိတ္ေဆးရံုႀကီးကိုေရာက္ရိွလာတဲ့ လူနာအေရ အတြက္က (၅၀၀) ေက်ာ္ထိရိွခဲ့တယ္။ ဟိုဘက္ကမ္းသြားတဲ့ လူနာေတြေရာရိွခဲ့တယ္။ မႏွစ္က ဒီလိုအခ်ိန္မွာပဲ အပတ္စဥ္ စေနေန႔တိုင္း ရပ္ကြက္ေတြအားလံုးမွာ ဖုံး၊ သြန္၊ လဲ၊ စစ္လုပ္ငန္းကို ျပည္သူလူထု ပါ၀င္တဲ့ လုပ္ငန္းအျဖစ္ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ခဲ့ပါတယ္။ ျခင္ေဆးဖ်န္းစက္ေတြကို တစ္ၿမို႕လံုး စုလိုက္ေတာ့ အားလံုးေပါင္း (၇) လံုးေလာက္ပဲ ရိွတယ္။ အကုန္လံုးကို ေဆးရံုႀကီးမွာစုၿပီးေတာ့ ျဖစ္ပြားတဲ့ ေနရာေတြကို လိုက္ဖ်န္းရတာေပါ့။ ဒီလိုျဖစ္ေတာ့ ကၽြန္ေတာ္စဥ္းစားမိတာက ၿမိဳ႕မီးလင္းေရးေကာ္မတီကေန ခရိုင္ေဆးရံုႀကီးကို လွဴဒါန္းလိုက္မယ္ဆိုၿပီး စီစဥ္လိုက္တာပါ"ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ဂ်ာမဏီႏိုင္ငံမွ ထုတ္လုပ္သည့္ ျခင္ေဆးဖ်န္းစက္ (၇) လံုး လွဴဒါန္းခဲ့ျခင္းျဖစ္ၿပီး (၁) လံုးလွ်င္ ထိုင္းဘတ္ေငြ (၅၅,၀၀၀) ေက်ာ္ က်သင့္ေၾကာင္း၊ ေက်ာင္း၀န္းအတြင္းရိွ ေရေျမာင္းမွာ ေရစီးဆင္းမႈမရိွပဲ ပိုးေလာက္လန္းမ်ား ေပါက္ဖြားေနသည့္ အတြက္ ေရစီးေရလာေကာင္းမြန္ေအာင္ ေျမာင္းဆယ္ယူျခင္းႏွင့္ ျခင္ေဆးဖ်န္းမႈမ်ားေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
"မနှစ်က ကျွန်တော်တို့ သွေးလွန်တုပ်ကွေးစာရင်းကောက်ကြည့်တဲ့အခါမှာ တာချီလိတ်ဆေးရုံကြီးကိုရောက်ရှိလာတဲ့ လူနာအရေ အတွက်က (၅၀၀) ကျော်ထိရှိခဲ့တယ်။ ဟိုဘက်ကမ်းသွားတဲ့ လူနာတွေရောရှိခဲ့တယ်။ မနှစ်က ဒီလိုအချိန်မှာပဲ အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်တွေအားလုံးမှာ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းကို ပြည်သူလူထု ပါဝင်တဲ့ လုပ်ငန်းအဖြစ် ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ခြင်ဆေးဖျန်းစက်တွေကို တစ်မြို့လုံး စုလိုက်တော့ အားလုံးပေါင်း (၇) လုံးလောက်ပဲ ရှိတယ်။ အကုန်လုံးကို ဆေးရုံကြီးမှာစုပြီးတော့ ဖြစ်ပွားတဲ့ နေရာတွေကို လိုက်ဖျန်းရတာပေါ့။ ဒီလိုဖြစ်တော့ ကျွန်တော်စဉ်းစားမိတာက မြို့မီးလင်းရေးကော်မတီကနေ ခရိုင်ဆေးရုံကြီးကို လှူဒါန်းလိုက်မယ်ဆိုပြီး စီစဉ်လိုက်တာပါ"ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဂျာမဏီနိုင်ငံမှ ထုတ်လုပ်သည့် ခြင်ဆေးဖျန်းစက် (၇) လုံး လှူဒါန်းခဲ့ခြင်းဖြစ်ပြီး (၁) လုံးလျှင် ထိုင်းဘတ်ငွေ (၅၅,ဝဝဝ) ကျော် ကျသင့်ကြောင်း၊ ကျောင်းဝန်းအတွင်းရှိ ရေမြောင်းမှာ ရေစီးဆင်းမှုမရှိပဲ ပိုးလောက်လန်းများ ပေါက်ဖွားနေသည့် အတွက် ရေစီးရေလာကောင်းမွန်အောင် မြောင်းဆယ်ယူခြင်းနှင့် ခြင်ဆေးဖျန်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခြင်ဆေးဖျန်းစက် လှူဒါန်း ပွဲ နှင့် ခြင်ဆေးဖျန်းရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ မြို့မီးလင်းရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နှင့် နှင့် မီးလင်းရေးကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့်၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း