လွတ်လပ်ရေးနေ့ နံနက်အစောပိုင်းတွင် အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ်အတွင်း လေယာဉ်ဖြင့် ဗုံး (၃)လုံးကြဲပြီး တိုက်ခိုက်

Photo: KNU
Photo: KNU
လွတ်လပ်ရေးနေ့ နံနက်အစောပိုင်းတွင် အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ်အတွင်း လေယာဉ်ဖြင့် ဗုံး (၃)လုံးကြဲပြီး တိုက်ခိုက်
ဇန်နဝါရီ 4, 2022 | အခြားဒေသများ

လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၁)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် လယ်ထူဖိုးဒေသကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံး(၃)လုံးကြဲတိုက်ခိုက်မှုအတွင်း အိမ်မွေးတိရစ္ဆာန်များ ထိမှန်သေဆုံးခဲ့ရသည့်အပြင် ဆေးပေးခန်းအဆောင်လည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က နိုင်ငံ၏စစ်တပ်အင်အား၊ လက်နက်အင်အားကိုသုံး၍ နိုင်ငံတွင်းတိုက်ခိုက်မှုများတွင် အရပ်သားပြည်သူများနေထိုင်သည့်နေရာများကိုပါ လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများလုပ်လာသည်ကို တွေ့ရသည်။