ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ခ်စ္ၾကည္ေရးအမွတ္(၁)တံတားေပၚ ႏွင့္ တာခ်ီလိတ္ၿမိဳ႕တြင္း၌ ထိုင္းႏုိင္ငံဘက္မွ သယ္ေဆာင္လာသည့္ ဟုိက္ဒရိုကလိုရစ္အက္ဆစ္ စုစုေပါင္း အေလးခ်ိန္ ဂါလံ (၂၀၇၀)၀န္းက်င္ရွိသည့္ (၄၁၄)ပုံးႏွင့္ သယ္ေဆာင္လာသူမ်ား အပါအ၀င္ ယာဥ္မ်ားအား ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၉)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားေပၚတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၉)ရက္ေန႔ ညေနပိုင္းက မယ္ဆိုင္ဘက္မွာ တာခ်ီလိတ္ဘက္သို႔ ၀င္ေရာက္လာသည့္ သံုးဘီးဆိုင္ကယ္အား ရဲတပ္ဖြဲ႔က ရပ္တန္႔စစ္ေဆးရွာေဖြရာမွ ကုန္ပစၥည္းမ်ားေအာက္တြင္ သုိ၀ွက္သယ္ေဆာင္လာသည့္ (၁)ပံုးလွ်င္ (၅)ဂါလံ၀န္းက်င္ရွိသည့္ ဟုိက္ဒရိုကလိုရစ္အက္ဆစ္ (၆၅)ပံုးအား လည္းေကာင္း၊ ဆက္လက္၍ သံုးဘီဆိုင္ကယ္ေနာက္(၁)စီးတြင္လည္း ဟုိက္ဒရိုကလိုရစ္အက္ဆစ္ ပံုး(၅၀)အား ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။
သိမ္းဆည္းရမိသည့္ အဆိုပါ ပစၥည္းမ်ားႏွင့္ ပတ္သက္၍ စစ္ေဆးရာမွ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ေနအိမ္ၿခံ၀န္းအတြင္းရွိ ေမာ္ေတာ္ယာဥ္ ႏွင့္ သံုးဘီးဆိုင္ကယ္မ်ားေပးတြင္ တင္ေဆာင္ထားသည္ ဟုိက္ဒရိုကလိုရစ္အက္ဆစ္ စုစုေပါင္း (၂၉၉)ပံုးအား ထပ္မံသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။
ဟုိက္ဒရိုကလိုရစ္အက္ဆစ္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အိုက္ဆင္း၊ ေအာင္သူ၊ စိုင္းလွေမာင္ တို႔ (၃)ဦးအား တာခ်ီလိတ္ၿမိဳ႕ရဲစခန္းတြင္ မယ(ပ)၁၁၃/၂၀၁၉/မူး/စိတ္ပုဒ္မ ၁၆(ခ)/၂၁ အရ လည္းေကာင္း၊ မ်ိဳးမင္းသူ၊ စိုင္းလွေမာင္ တို႔အား တာခ်ီလိတ္ၿမိဳ႕ရဲစခန္းတြင္ မယ(ပ)၁၁၄/၂၀၁၉/မူး/စိတ္ပုဒ္မ ၁၆(ခ)/၂၁ အရ လလည္းေကာင္း၊ အိုက္လူ၊ နန္း၀င္း၊ မင္းမင္း၊ စိုင္းလွေမာင္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁၅/၂၀၁၉/မူး/စိတ္ပုဒ္မ ၁၆(ခ)/၂၁ တို႔ျဖင့္လည္းေကာင္း အသီးသီးအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
လက္ရွိဖမ္းဆီးရမိသူမ်ားမွာ သယ္ေဆာင္ခရယူ၍ သယ္ေဆာင္ျဖစ္ေၾကာင္းႏွင့္ အဆိုပါ ဓာတုပစၥည္းမ်ားအား ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ ဂိုေဒါင္တစ္ခုမွ သယ္ေဆာင္ျခင္းသည္ကို ရဲတပ္ဖြဲ႔က စစ္ေဆးသိရွိရၿပီး ပိုင္ရွင္ျဖစ္သူအား စံုစမ္းေဖာ္ထုတ္ေနလ်က္ရွိေၾကာင္း သိရသည္။
ဟိုက္ဒရိုကလိုရစ္အက္ဆစ္မွာ မူးယစ္ေဆးထုတ္လုပ္ရာတြင္လည္း အသံုးျပဳႏုိင္သျဖင့္ ထိန္းခ်ဳပ္ဓါတုပစၥည္းစာရင္းတြင္ ထည့္သြင္းထားျခင္းျဖစ္ၿပီး အျခား လုပ္ငန္းသံုးအျဖစ္ တင္သြင္းလိုပါက တရားဝင္ တင္သြင္းခြင့္ ခြင့္ျပဳခ်က္လိုအပ္ျခင္းျဖစ္သည္။
Tachileik News Agency
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ ညနေပိုင်းက မယ်ဆိုင်ဘက်မှာ တာချီလိတ်ဘက်သို့ ဝင်ရောက်လာသည့် သုံးဘီးဆိုင်ကယ်အား ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာမှ ကုန်ပစ္စည်းများအောက်တွင် သိုဝှက်သယ်ဆောင်လာသည့် (၁)ပုံးလျှင် (၅)ဂါလံဝန်းကျင်ရှိသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၆၅)ပုံးအား လည်းကောင်း၊ ဆက်လက်၍ သုံးဘီဆိုင်ကယ်နောက်(၁)စီးတွင်လည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ပုံး(၅၀)အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် အဆိုပါ ပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးရာမှ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းအတွင်းရှိ မော်တော်ယာဉ် နှင့် သုံးဘီးဆိုင်ကယ်များပေးတွင် တင်ဆောင်ထားသည် ဟိုက်ဒရိုကလိုရစ်အက်ဆစ် စုစုပေါင်း (၂၉၉)ပုံးအား ထပ်မံသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ဟိုက်ဒရိုကလိုရစ်အက်ဆစ်များနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဆင်း၊ အောင်သူ၊ စိုင်းလှမောင် တို့ (၃)ဦးအား တာချီလိတ်မြို့ရဲစခန်းတွင် မယ(ပ)၁၁၃/၂၀၁၉/မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ အရ လည်းကောင်း၊ မျိုးမင်းသူ၊ စိုင်းလှမောင် တို့အား တာချီလိတ်မြို့ရဲစခန်းတွင် မယ(ပ)၁၁၄/၂၀၁၉/မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ အရ လလည်းကောင်း၊ အိုက်လူ၊ နန်းဝင်း၊ မင်းမင်း၊ စိုင်းလှမောင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁၅/၂၀၁၉/မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ တို့ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။
လက်ရှိဖမ်းဆီးရမိသူများမှာ သယ်ဆောင်ခရယူ၍ သယ်ဆောင်ဖြစ်ကြောင်းနှင့် အဆိုပါ ဓာတုပစ္စည်းများအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဂိုဒေါင်တစ်ခုမှ သယ်ဆောင်ခြင်းသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးသိရှိရပြီး ပိုင်ရှင်ဖြစ်သူအား စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။
ဟိုက်ဒရိုကလိုရစ်အက်ဆစ်မှာ မူးယစ်ဆေးထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သဖြင့် ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး အခြား လုပ်ငန်းသုံးအဖြစ် တင်သွင်းလိုပါက တရားဝင် တင်သွင်းခွင့် ခွင့်ပြုချက်လိုအပ်ခြင်းဖြစ်သည်။
Tachileik News Agency